မတူညီတဲ့ ကျောင်းတော်ကြီးရဲ့
ပို့ချချက်ကို နားလည်ရဲ့လား......
အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့စကား
မင်းလက်ကိုင်ထားဆဲဆိုရင်
“မ”ရေ.....“မ” ကြိုက်တဲ့ ပန်းရနံတွေ
ဤကမ္ဘာမြေမှာ သင်းပျံ့နေတုန်းပဲ.........။
လူနေမှုအဆင့်အတန်း မြင့်မားတယ်ဆိုတာ
“မ”သိပ်ကြိုက်တဲ့ ကိုရီးယာကားတွေနဲ့များ
နှိုင်းယှဉ်လိုက်တာလားကွာ......
ကိုယ့်အရပ်ကိုပစ် သူ့အရပ်ကိုခင်တဲ့
“မ”ရဲ့နေရာမှာ ......
ကျနော်တို့ပြန်ဆုံတွေ့ဖို့ .....
ဆုတောင်းစရာ တနင်္ဂနွေထောင့်လေး
ရှိပါရဲ့လား..........။
အချိန်တန်လို့ အိမ်ပြန်တဲ့အခါ
အရာအားလုံးကို နားလည်ချစ်တတ်ခဲ့မယ်ဆိုရင်
“မ” ရေ.....ကျနော့် ပုခုံးကိုဖက်ပြီ
အတူတူ...လမ်းလျှောက်ထွက်ဖို့
အင်းယားရဲ့ ခရေပင်လမ်းမှာ
ကျနော် စောင့်နေပါမယ်............။
2 comments:
ကိုယ့်အရပ်ကိုပစ် သူ့အရပ်ကိုခင်တဲ့
“မ”ရဲ့နေရာမှာ ......
ကျနော်တို့ပြန်ဆုံတွေ့ဖို့ .....
ဆုတောင်းစရာ တနင်္ဂနွေထောင့်လေး
ရှိပါရဲ့လား....
အဲဒီအပိုဒ်လေးနဲ့တင် ကဗျာရဲ့ အသက်ဝင်မှု ပီပြင်သွား တယ်။
ကဗျာလေးကောင်းတယ်ဗျာ
Post a Comment