Thursday, November 19, 2009

ကျွန်တော်ပြောသော ကျောင်းသားဘ၀ အကြောင်း

ကျွန်တော့် ဇာတိမြေက ပင်လယ်ပြင်အထက် ပေ(၄၇၁၂)မှာရှိတဲ့ မြူးနှင်းတွေနဲ့ အုံ့ မှိုင်း နေတတ်တဲ့ တောင်ကြီးမြို့  လေးပါ..... အသက် (၁၆)နှစ် မှာမိမိချစ်သော ဤနယ်မြို့  ကလေးက နေ အဝေးကို မခွဲခွာချင်ပဲ ထွက်ခွာခဲ့ရတယ်..... သူစိမ်းစံတဲ့ နယ်မြေရဲ့ အနံ့ အသက်ကိုရှူရှိုက်ရတာကြာလာတော့ မိမိမွေးရပ်မြေက အဖြစ်အပျက်လေးတွေကို မြင်ယောင်တမ်းတ မိပါတယ်....စိတ်ကူးထဲ မှာလွမ်းဆွတ်မှု အရှိန်တွေတက်လာလို့  မနေနိုင်ဘဲအားလုံးကို ဒီနေရာမှာဘဲဖွင့်ထုတ်လိုက်ပါတယ်.....

“ဒေါင်....ဒေါင်...ဒေါင်”....ကျွန်တော်ကြားနေကြ ကျောင်းတက်ခေါင်းလောင်းသံ.....ကျွန်တော် နဲ့  သူငယ်ချင်းတို့စာသင်ခန်းထဲ အပြိုင်အဆိုင်ပြေးဝင်ကြတယ်.....မကြာခင် အတန်းပိုင်ဆရာမ ဒေါ်မြင့်သောင်း စာအုပ်လေးအုပ် လက်ထဲပိုက်ပြီးဝင်လာတယ်......ကျွန်တော်တို့ မြန်မာကျောင်းသားတွေရဲ့  ယဉ်ကျေးမှုအတိုင်း “ ပဉ္စဂုနံ အဟံဝ န္တာမိ ..................... မင်္ဂလာပါ ဆရာမ” (ကျွန်တော် နားထဲ သွေးထဲ အခုချိန်ထိ ကြားယောင်နေဆဲ) ဟု သံပြိုင်နှုတ်ဆက်ကြတယ် (မှတ်မိကြဦးမှာပေါ့) .... “ဆရာမ” ဆိုတဲ့ စာလုံး စပြီးထိတွေ့  သလို “သူငယ်ချင်း” ဆိုတဲ့အသိ လေး မသိစိတ်ကိုတိုးဝင်စအချိန်....... “ကကြီး ခခွေး ဂငယ်........” သူငယ်ချင်းတွေနဲ့ အတူ
ပျော်ပျော်ကြီးအော်ဆိုရင်း သူငယ်တန်းနှစ် ပြီးဆုံးသွားတယ်...............

ပထမတန်း .....မှတ်မိသေးတယ်.....အတန်းပိုင်ဆရာမက ဆရာမဒေါ်နော်ထူးဆေး(အခုတော့ ပင်စင်ယူသွားပါပြီ)....ဆရာမနေမကောင်းလို့  အတန်းထဲမှာ အိပ်နေတဲ့အချိန်.....ကျွန်တော်တို့ အဖွဲ့ မျောက်ရှူံးအောင် ကစားကြတာ.. တခြားအခန်းက ဆရာမတောင် လာအော်ယူရတယ် ..... ဟာဟား ....... အဲ့ဒီတုန်းက..ကလေးကို....ဘယ်နားလည်မလဲ ....... ဆရာမစာမသင်တာနဲ့  ကမ္ဘာကြီးတစ်ခု လုံး လွတ်လပ်နေသလိုဘဲ .....း).....တခါတလေ....ဆရာမကျေုာင်းမလာ ရင် ဘောလုံးခိုးကန် ကြတာ...အမော.......အတန်းထဲမှာနော်.....ဟီဟီး....

စာကို စာမှန်းနာလည်တဲ့ အချိန်က grade 3 (ဒုတိယတန်း).....စာမရလို့  သူငယ်ချင်းတွေနဲ့  တပျော်တပါးကြီး ခုံပေါ်မတ်တပ်ရပ်ခဲ့ရတဲ့ နေ့ တွေ.....နားရွက်ဆွဲ ထိုင်ထလုပ်ခဲ့ရတယ့်နေ့  တွေ....ဆရာမဒေါ်သန်းမြင့်ရီရဲ့  ၀ါးပေတံစာ မိခဲ့တဲ့ နေ့ တွေ အခု ချိန်ထိ မျက်စိထဲမှာမြင်ယောင်နေဆဲ.....

တတိယတန်း....... စာကိုတစိုက်မတ်မတ် လုပ်ဖို့ အမေ့ရဲ့  ဆုံးမသံ ...... ဘ၀ မှာ ဒါပထမဆုံးဘဲ..... အမေ့ရဲ့  မနက် အိပ်ရာစောစောထ ဖို့ ဆူသံ ဆုံးမသံ....အခုချိန်ထိ ကျွန်တော့် အဝေးမှာရှိနေလည်း အမေ့အသံ က နှိုးဆော်နေဆဲ..... တစ်နေ့ ပေးစာ တစ်နေ့  အမေ့နား မှာစာအံရင်း တတိယတန်းနှစ် အခန်းဆုံးစာမေးပွဲ မှာ ပထမဆု ရခဲ့ဖူးတယ်.... အဖေ ရဲ့ ဝမ်းသာမဆုံးအားပေးသံ “ငါ့ သားကို ကားအကြီးကြီး ၀ယ်ပေးမယ်...နောင်နှစ်ကျရင် လည်း ဆုရအောင် လုပ်ရမယ်နော်”.....အမေ့ရဲ့  ပီတိ မျက်ရည်...... ဘ၀မှာ တန်ဖိုးအ ရှိဆုံးဘဲ......

တစ်တန်းပြီး တစ်တန်းတက်လာ တယ်.....သူငယ်ချင်းတွေက ဒီကောင် က ဒီကောင် ဘဲ......အားလုံးကတစ်ခန်းထဲမှာ ဘဲ.....မှတ်မှတ်ရရ ဟာသလေး တစ်ခုရှိသေးတယ်..... ၄တန်း တုန်းက....ဆရာမကြီး ဒေါ်အေးချစ်.....ယခုချိန်ထိ ကျောင်းသားတိုင်း လေးစားတုန်း ချစ်တုန်း... အထက ၄ ကို တောင်ကြီးတစ်မြို့ လုံး ဖုံးလွှမ်း အောင်လုပ်ဆောင်ပေးခဲ့တဲ့ လူတိုင်းလေးစားတဲ့ ဆရာမကြီး...... ဖြစ်ပုံကဒီလို..... အတန်းပိုင်ဆရာမဒေါ်မေသန်း အတန်းထဲဝင် လာတာကို သူငယ်ချင်း KSW :P (မှတ်မိသေးလား သူငယ်ချင်းတို့ ) ကောင်းကောင်း နှုတ်မဆက်ဘဲ ဆော့နေလို့  ပြတင်းပေါက်ကနေ ခဲနဲ့  လှမ်းထု တာ.....ခေါင်းမကွဲ တာ ကံကောင်း....... ကွဲလည်း အေးဆေးပါ.....ဘေးမှာ TUN ဆေးရုံ က ready ဘဲ...... ;D

၂၀၀၀ ခုနှစ်.......ဆရာမကြီး ပင်စင်ယူပြီ....... ဆရာမတွေကော ကျောင်းသား တွေကော ငိုကြတယ်ပြောတယ်ဗျ ..... ငယ်သေးသော့ သေသေချာချာမသိ လိုက်ဘူး.......ကျောင်းကို ဆရာကြီး အသစ်ရောက်လာတယ်....... ဆရာကြီး ဦးခင်မောင်မြင့်...... တော်တော်စည်းကမ်းကြီးတယ် ပြောတယ်......

သြော်......မေ့တော့မလို့ ...... ကထိန် ....ကထိန်.... ဘုံကထိန်..... တောင်ကြီး မှာ ကျောင်းတိုင်း အပြိုင်အဆိုင် လုပ်နေကြ...... ၅တန်း တုန်း က...... အရုပ်စလုပ် ရတယ်....... ပျော်သလား မမေးနဲ့  ဗျာ.... october ဆို စာတောင်မလုပ်နိုင်ဝူး..... သူငယ်ချင်းအိမ်မှာ အရုပ် ချိုး ရတာနဲ့ ..... စက္ကူကပ်ရတာနဲ့ ....... သူငယ်ချင်း SPA SMT ကျွန်တော်တို့ ဦးစီးပြီး လုပ်ကြတာ.....



ဒီပုံလေးက ၈တန်းနှစ် က ကျွန်တော်တို့  လုပ်ခဲ့တဲ့ အရုပ်လေးပါ ..... ကျွန်တော့်ကို တွေ့  ကြလား .... ဓာတ်ပုံထဲမှာ ....းD



















`နောင်ဗေနောင် .... နောင်ဗေနောင်´ ...... သီချင်းနဲ့  ၀ိုင်းဖွဲ့  ကနေတဲ့ ပုံလေးနဲ့  တူတယ်...... မြသီရိခန်းမ မှာ အကတိုက်တာမှတ်မိသေးလား .....

လူပျိုလေး စဖြစ် ပြီတဲ့.....အသံတွေလည်း စပြီးပြောင်းနေကြပြီ......မထုတ်တတ်တဲ့ ရှိုးတောင် ထုတ်တတ်ခါစ .......မပြောင်းလဲသေးတာက ကျွန်တော်တို့  ဘော်တာ တွေတစ်စု.......၈တန်းအထိ လည်း same classroom ဘဲ........ ၈တန်း တုန်းက ကိုယ့်ပါကိုယ် ဒီလောက်ဆိုးမှန်း မသိဘူး........ အခုချိန် ထိ ခေါင်းထဲ ကမထွက်နိုင်ဝူးး....... ပထ၀ီ ဆရာမ ဒေါ်ခင်သန်းထူး.....အင်းသူ ဆိုတော့ စကားက နည်းနည်းဝဲတယ်....... ကျောင်းသားတိုင်း “
ဒေါ်ခင်သန်းထူး” ဆို......ဘယ်နားရောက် ကုန် မှန်းမသိဘူးး.......ဖင်တုန်အောင် ကြောက်တယ်........ ကျွန်တော်ကလည်း ကျွန်တော်...... ပထ၀ီမှ သွားခိုးချရတယ်လို့ ....... အခုချိန်စဉ်းစားတောင်...... မလုပ်ရဲဝူး..... မိသွားလို့  ဆရာမ ဆူတာ....... စကားလုံးတွေ......သေသာတောင်မမေ့နိုင် လောက်ဝီးး....... အရမ်းကို လေးစားဖို့ ကောင်းတဲ့ ဆရာမ...... ဘာမှတော့မလုပ် ပါဘူး....... ၄၇ မှတ်ရတာ ၇မှတ်ပြန်လျှော့ခံရတယ်......တော်သေးတာပေါ့........ဆရာကြီး ဆီ ရောက်ပြီထင်နေတာ...........
ကျောင်းမှာဆို....... A အခန်းက ရန်ဖြစ်တယ်ပြောရင် ကျွန်တော်တို့ တစ်စုဘဲ....... အတန်းပိုင်ဆရာမကြီး ဒေါ်မေဟန်ချမ်း စိတ်ညစ်အောင် လုပ်မိလို့ ...... ဒီကနေဘဲ တောင်းပန်တယ်ဗျ ဆရာမ.....

ဘာလိုလိုနဲ့  ၉တန်းကျောင်းသားကြီးဖြစ်လာပြီ.......၈ တန်းလောက်တော့ မဆိုးရဲတော့ပါဘူး...... အသိစိတ်ကလေး တွေလည်း ၀င်လာပါပြီ...... အမေတို့ အဖေတို့  တွေလိုချင်တဲ့ ပုံစံကို ရအောင်လုပ်ဖို့  ကြိုးစားခဲ့ ပါတယ်....... အပေါင်းအသင်း တွေ ဘော်တာတွေ သူငယ်ချင်းတွေ လည်းအများကြီး ရခဲ့ပါတယ်....

အချိန်တွေ ကတိုက်စားတာ အတော်မြန်ပါလား.......မြန်မာပြည် ကျောင်းသားတွေရဲ့  ဘ၀ တစ်ဆစ်ချိုး လို့  ပြောနေကြတဲ့ ၁၀တန်း (grade 11) ကိုရောက်ခဲ့ပြီ...... ဘ၀ ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ပေါ်စေသာ ဒီ ၁၀တန်း ဘဲ.......အဖေ က ခဏခဏ ပြောတယ်....... စာကို နေမအား ညမနား လုပ် ခဲ့ဖူးပါတယ်..... ၁၀တန်း တစ်သက်မှာ တစ်ခါပဲ ဆိုတော့..... ကျွန်တော့်အတွက် က... ကျောင်းသားဘ၀ မှာ ဘယ်အချိန် အပျော်ဆုံးလဲ လို့  မေးခွန်းထုတ်ရင်....အဖြေက ၁၀တန်း ပါ....... သူငယ်ချင်း တွေကို လည်းလုံးဝ မေ့လို့  မရ.... ဆရာမတွေကို လည်း သတိရ..... ဖြစ်ပျက်ဖူးတဲ့ အကြောင်းအရာ တော်တော်များများ ကလည်း ဒီနေ့ အထိ နှလုံးသားထဲမှာရှိနေဆဲ........
ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုရှိတယ်....... ကျွန်တော်တို့  လုပ်နေကြ ဘုံကထိန်.....ဒီ တစ်နှစ်မရှိဝူး တဲ့..... အသစ်ရောက်လာတဲ့ ဆရာကြီး ဦးညိုလုံး က ပြောတယ်.......ဒါလည်း “မလုပ်ရ” လို့  ပြောလို့ ပါ......ဘာလို့ လဲ ဆိုတာတော့ မေ့သွားပြီးP........ဒီ တစ်နှစ်တော့ မောင်စနေသား တို့ မကဲ နိုင်တော့ .......
၁၀တန်းမှာ မိဘတွေရဲ့  အလို...ဆရာမတွေရဲ့  အလို....ကျွန်တော့်ကျောင်း ရဲ့ အလို ကိုဖြည့်ပေးနိုင်ခဲ့ပြီ......
ကျွန်တော့်ကျောင်းအတွက် တာဝန်ကြေပါတယ်..... အ ထ က ၄ ဂုဏ်ကို ဆောင်ပေးနိုင်ခဲ့ပါတယ်.........
ဒီအတွက် ကျွန်တော့် ကိုသွန်သင်ပေးသော မိဘများ ဆရာ၊ဆရာမများ ဒီနေရာ ကလက်အုပ်ချီ ရှိခိုးဦးချစမြဲပါ......

၁၀တန်း အောင်စာရင်း ထွက်တော့ ကျွန်တော်တို့ တစ်စု ငါးကန် မှာသွားကဲကြသေးတယ်........ သင်္ကြန်တုန်းကလဲ အပြတ်ပဲ ....ကဲတာ...... စတုဒီသာ လည်းဝိုင်းလုပ်ကြတယ်.......ပျော်စရာတော်တော်ကောင်း ခဲ့တာဘဲ.........
သူငယ်ချင်းတို့ ........... မင်းတို့  အခု အဆင်ပြေနေကြလား ......နေကောကောင်းကြရဲ့ လား....... တစ်ယောက်တစ်နေရာဆီ ဖြစ်သွားပြီမို့ .....တွေ့ စရာ ဆိုလို့  online ဘဲ ရှိတယ်...... ဒါတောင် connection ကောင်းမှ......
ကျွန်တော်
သင်္ကြန် မကြုံတာ ၂ နှစ်ရှိ သွားပြီ.......တောင်ကြီး တန်ဆောင်တိုင်လဲ မကြုံတော့ဝူး........ :'(

ဘာပဲဖြစ်ဖြစ် ဘ၀ မှာ တစ်ကြိမ်တစ်ခါဘဲ ရမယ့် အခွင့်အရေး တွေ ကျွန်တော်ရရှိခဲ့ပြီ....... နောက်ထက်လည်း ဒီကျောင်းသားဘ၀ကြီးကို ရချင်သေးပါတယ်ဆိုတောင် ထပ်ရတော့မှာမဟုတ်တော့ဘူး.......လူ့ ဘ၀ မှာ တစ်တောင်တက် တစ်တောင်ဆင်းသလိုဘဲ တောင်ပေါင်းများစွာကို ဖြတ်ကျော်ရဦးမယ်......
ခွန်အားသစ် မျှော်လင့်ချက် အသစ်ကလေး တွေနဲ့ မနက်ဖြန်များစွာကို ပုံဖော်ရင်း ဘ၀သင်ခန်းစာသစ် များကိုဖတ်ရှု ရဦးမယ် .........

မူရင်းရေးသားသူ စနေသား(ခွန်နိုင်လင်းအောင်) ၂၀၀၇ ကျောင်းသား

1 comments:

dozzy said...

ကျောင်းသားတွေအားလုံးမင်းနဲ့တစ်စိတ်ထဲတစ်သွေးထဲရှိနေပါတယ်.အားလုံးကကျောင်းကိုအမြဲသတိရနေကြတယ်.ဘယ်နေရာဘယ်ကိုရောက်ရောက်လေ